top of page

Welcome to New Born AKMK Printing
Born to Redefine Excellence

AKMK Printing Service မှ ကြိုဆိုပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းသစ် စတင်ခြင်း နှင့် အတူ အရည်အသွေးထူးခြား ကောင်းမွန်၍ စျေးနှုန်းချိုသာသော ဝန်ဆောင်မှုများ ကိုပါ တစ်ပါတည်း ယူဆောင်လာပါပြီ...

Our Services

Premium Quality, Unbeatable Price-That's Our Promise

  • ​အရည်အသွေးပြည့်မီသော ကုန်ကြမ်းများကို မှန်ကန်စွာ ရွေးချယ်၍ ပိုင်နိုင်စွာ အသုံးပြုခြင်း၊  Vector Graphic ဖြင့် အသုံးပြုရနိုင်သမျှ Vector Graphic ကိုသာ အသုံးပြုခြင်း၊ ကျွမ်းကျင်သူများဖြင့် မြန်ဆန်စွာ ထုတ်လုပ်နိုင်ခြင်း၊ အသေးစိတ် ဂရုစိုက်ထုတ်လုပ်ခြင်း စသည့် ထုတ်လုပ်မှု နည်းစနစ်ကောင်းများဖြင့် အကောင်းတက အကောင်းဆုံး အရည်အသွေးကို ထာဝရထိန်းသိမ်း မည်ဖြစ်ပါသည်။

  • မလိုအပ်သော ထုတ်လုပ်မှု အပိုကုန်ကျစရိတ်များကို တတ်နိုင်သမျှ လျှော့ချလျှက် မိတ်ဆွေတို့အား ဝန်ဆောင်ခ အသက်သာနိုင်ဆုံးသက်သာ စေရမည်။

  • မိတ်ဆွေတို့ ​လုပ်ငန်း၏ ယုံကြည်မှု ပုံရိပ်ကို ထင်ဟပ်စေသည့် အရည်အသွေးပြည့်မီသော Promotion Items များကို အသက်သာဆုံးနှုန်းထား ၌  အကောင်းဆုံး အရည်အသွေးဖြင့် ဝန်ဆောင်မှုပေး နိုင်ခြင်းသည် ကျွန်ုပ်တို့ ကိုယ်ပိုင် အမြင်ဖြင့် နားလည် ခံယူသော ကျွန်ုပ်တို့ ၏ ထုတ်ကုန်တန်ဖိုးဖြစ်ပါသည်။

​တံဆိပ်ရိုက်နိုင်သောပစ္စည်းများ

opol.png

​ပိုလိုရှပ်

ts.png

တီရှပ်

download.png

Mug ခွက်

akmk.png

ရေဘူး

Untitled.png

ထီး

sadfsa.png

Tote Bag

ssssss.jpg

ဘောလ်ပင်န်

Bags.png

Recycle ဖော့အိတ်

Free Plastic Bag Mockup copy 2.png

​ပလတ်စတစ်အိတ်

Untitled.png

Promotion Items အမျိုးမျိုး

Our Story

Who We Are

  •  2025 ခုနှစ်တွင် စတင်တည်ထောင်ပြီး တံဆိပ်ရိုက်ကျွမ်းကျင်သော အတွေ့အကြုံရင့်အဖွဲ့သားများ၊ အမြင်ဆန်းသစ်သော လူငယ်များနှင့် ဖွဲ့စည်းထားပြီး အကောင်းဆုံး အရည်အသွေး၊ အသက်သာဆုံး၀န်ဆောင်ခ ဖြင့်ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

  • ကျွန်ုပ်တို့၏ တံဆိပ်ရိုက်လုပ်ငန်းတွင် သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော မင်၊ ရေဆေးနှင့် အခြား အရည်အသွေးမြင့်ကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုကာ အသေးစိတ်ကျွမ်းကျင်သေသပ်စွာပြုလုပ်ခြင်းကြောင့် အကောင်းတကာ့အကောင်းဆုံး တံဆိပ်ရိုက်ဝန်ဆောင်မှုကို ရှာဖွေနေကြသူများ အတွက် မှန်ကန်သည့် ရွေးချယ်မှုတစ်ခုဖြစ်ပါသည်။

  • ကျွန်ုပ်တို့အားထားရသော မိတ်ဆွေတို့အနေဖြင့် ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရသည့် ခံစားမှုအတွေ့အကြုံကို ပြန်လည်မျှဝေပေးခြင်း၊ မိတ်ဆွေတို့ကိုယ်ပိုင်အမြင်ဖြင့် ကျွန်ုပ်တို့ဝန်ဆောင်မှုအပေါ်အကြံပေးတုန့်ပြန်ခြင်းအားဖြင့် မိတ်ဆွေတို့အား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဖြည့်ဆည်းပေးနိုင်ရန် အမြဲရှေးရှုဆောင်ရွက်နေသော ကျွန်ုပ်တို့အား  ကူညီနိုင်ပါသည်။

Our Mission

  • ​ခေတ်မီနည်းပညာရပ်များ နှင့် ဉာဏရင်းမြစ်ကို အရင်းခံ၍  မလိုအပ်သော အချိန် နှင့် အင်အားပြုန်းတီး မူ အတတ်နိုင်ဆုံး လျော့ချပါမည်။​

  • ထုတ်ကုန်၏ အရည်အသွေးကို ထိခိုက်စေနိုင်သော ထုတ်လုပ်မှု နည်းလမ်း‌ဟောာင်းများ မှ ခွဲထွက်လျှက် ပိုမိုကောင်းမွန်သောထုတ်လုပ်မှု နည်းစနစ်လမ်းများ အတွက် စဥ်ဆက်မပြတ် သုတေသနပြု လေ့လာ၍ ဖန်တီးဆန်းသစ် နေပါမည်။

Our Vision

  • တံဆိပ်ရိုက်ထုတ်ကုန်များအား အကောင်းတကာ့ အကောင်းဆုံး အရည်အသွေး၌ အသက်သာနိုင်ဆုံး ဝန်ဆောင်ခ ဖြင့်ထုတ်လုပ်နိုင်ရမည်။

  • ကျွန်ုပ်တို့ထုတ်ကုန် ဝန်ဆောင်မှုများ ၏ အရည်အသွေးသည် ကျွန်ုပ်တို့၏ ပင်မ အသက်သွေးကြောပင်ဖြစ်ပါသည်။

bottom of page